လ - နိုဝင်ဘာ 2019

Statement of faith (Unicode)

 

ယုံကြည်မှုထုတ်ပြန်ချက်

သမိုင်းတွင်သော တမန်တော်များ၊ နိစိန်ယုံကြည်ချက်နှင့်အတူ၊ ကျွန်ုပ်တို့သည်

  • ဓမ္မဟောင်းနှင့် ဓမ္မသစ် နှုတ်ကပတ်ကျမ်းစာတော်သည် ထာဝရဘုရားမှုတ်သွင်းထားကာ၊ မူလစာမူ၌ အမှားကင်းပြီး၊ ဖန်ဆင်းခြင်း၊ လူသားကျဆုံးခြင်း၊ ရွေးနုတ်ကယ်တင်ခြင်း၊ မူလအဆင့်သို့ပြန်ရောက်စေခြင်းဆိုင်ရာ ဖွင့်ပြတော်မူခြင်းနှင့် သခင်ယေရှုခရစ်တော်၌ ပြီးပြည့်စုံစေခြင်းဟု ယုံကြည်သည်။
  • ကျွန်ုပ်တို့သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူကို ယုံကြည်သည်။
  • ကျွန်ုပ်တို့သည် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်၊ ခမည်းတော်ဘုရားကို ပြည့်စုံစွာဖွင့်ပြသော သခင်ယေရှု အပျိုကညာမှ မွေးဖွားပြီး၊ အပြစ်ကင်းသောဘဝ၊ စွန့်လွှတ်သော အသေခံခြင်း၊ ခန္ဓာနှင့် ရှင်ပြန်ထမြောက်ပြီး ခမည်းတော်ဘုရားထံ တက်ကြွ၍ အားရအောင်ပွဲခံကာ ပြန်လာဦးမည်ဟု ယုံကြည်သည်။
  • လူသား၏ကျဆုံးခြင်းကြောင့် ကျွန်ုပ်တို့သည် ထာဝရသေခြင်းနှင့် အပြစ်မှ ကယ်တင်လွတ်မြောက်ရန်လိုအပ်ကြောင်း၊ ထာဝရဘုရားရှင်သည် သခင်ယေရှုအားဖြင့် ကယ်တင်လွတ်မြောက်ခြင်းကို ဖြည့်ဆည်းကြောင်း သခင်ယေရှုအား ယုံကြည်ပြီး အပြစ်မှ နောင်တရသူအားလုံး သခင်ယေရှုတစ်ပါးတည်းကြောင့်သာ စေ့စပ်ပြေလည်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။
  • အပြစ်ဒဏ်စီရင်ခံရမည့် ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်၍…

Rights and Permissions 2015 (Unicode)

ပိုင်ခွင့်နှင့် ခွင့်ပြုချက်များ

 

ခွင့်ပြုချက်/မူပိုင်ရှိသည့်စာအုပ်များ

Our Daily Bread Ministries, Discovery House Publishers, (မှ ထုတ်ဝေသည့် မူပိုင်စာအုပ်များကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ) အသုံးပြုလိုပါက Rights and Permissions Department (ပိုင်ခွင့်နှင့်ခွင့်ပြုချက်ဌာန)သို့ဆက်သွယ်ပေးပါ။ Discovery House Publishers သည် Day of Discovery ၏အောက်ပါ ပိုင်ခွင့်များနှင့် the Oswald Chambers Publications Association, Ltd. ၏ ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ စီမံခန့်ခွဲခြင်း၌ အပါအဝင်ဖြစ်သည်။ သို့သော် ခွင့်ပြုချက်၊ ပြန်ပုံနှိပ်ခြင်း၊ ဘာသာပြန်ခြင်း၊ တက္ကသိုလ်အတွက်သုံးခြင်း၊ ကုသိုလ်ဖြစ်ပုံနှိပ်နှင့် အီလက်ထရောနစ်၊ အသံသွင်းခြင်းတို့အတွက် မကန့်သတ်ထားပါ။ မူပိုင်ရှိသည့်စာအုပ်များကို ပြန်လည်ပုံနှိပ် ထုတ်ဝေရရှိရေးနှင့် စပ်လျဉ်း၍ (စာ သို့ အီးမေးလ်ဖြင့်) စာဖြင့် ဆက်သွယ်ရေးသားတောင်းလျှောက်ရမည်။ စာ၌ အောက်ပါအချက်များပါဝင်ရမည်။…

Privacy Trust 2015 (Unicode)

ပုဂ္ဂလိက သီးသန့်ဖြစ်ခြင်းမူဝါဒ

၂၀၁၅ ဇန်နဝါရီလ (၁)ရက်မှစ၍ အကျိုးသက်ရောက်သည်။

နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း (Our Daily Bread Ministries)၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုသူများ၏ ပုဂ္ဂလိက သီးသန့်ဖြစ်ခြင်းကို တန်ဖိုးထားပါသည်။ ဤဝက်ဘ်ဆိုဒ်ကို ကျွန်ုပ်တို့ပြုလုပ်ဖန်တီးရခြင်းမှာ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်များနှင့် Mobile applications ရွေ့ပြောင်းနိုင်သော အသုံးချခြင်းများအားဖြင့် စုဆောင်းရရှိသော အချက်အလက်များကို ဖွင့်ဟထုတ်ဖော်ရန်နှင့် ဤအချက်အလက်များကို ကျွန်ုပ်တို့ဖြန့်ဖြူး၊ အသုံးပြု၊ စုစည်းရန်ဖြစ်ပါသည်။ ဤပုဂ္ဂလိက သီးသန့်ဖြစ်ခြင်းထုတ်ပြန်ချက်သည် နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း နှင့် ဆက်သွယ်ပေါင်းစည်းသော Domain အားလုံး အကျိုးသက်ရောက် အကျုံးဝင်ပါသည်။

ပုဂ္ဂလိကသီးသန့်ဖြစ်ခြင်း ထုတ်ပြန်ချက်

ဝက်ဘ်ဆိုဒ်တွင် စုဆောင်းရသော အချက်အလက်များကို အောက်ပါလမ်းညွှန်များအတိုင်း အသုံးပြုပါမည်။

၁။ ပုဂ္ဂိုလ်ရေးရာအချက်အလက်မူဝါဒ

နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း သည် တင်းကျပ်သောအမှုတော်အဝန်းအဝိုင်းမူဝါဒကို ထိန်းသိမ်းကာ၊ စီးပွားရေး(သို့) ကုသိုလ်ဖြစ်၊ အဖွဲ့အစည်းများ(သို့)အခြား ပုဂ္ဂိုလ်များသို့ သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကိုပေးခြင်း၊ ငှါးခြင်း၊ ရောင်းခြင်း ဘယ်သောအခါမျှ…

Principles (Unicode)

 

ကျွနု်ပ်တို့၏အခြေခံသဘောတရားများ

သမ္မာကျမ်းစာကို အခြေပြုသည်။

  • ကျွန်ုပ်တို့၏ ယုံကြည်မှု၊ ခံယူရမည့်လမ်းညွှန်ချက်၊ မူဝါဒများနှင့် လက်တွေ့ကျင့်ဆောင် ရမည့်အရာများနှင့်စပ်လျဉ်း၍ သမ္မာကျမ်းကိုသာ စံ အဖြစ်သာထားရှိပါသည် (၂ တိ ၃း၆)။
  • ယုံကြည်ခြင်းနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ဝန်ခံချက်ကို စွဲလန်းအသက်ရှင်ပါသည် (၂ တိ ၁း၁၃)။
  • သွန်သင်ခြင်းခံရသည့် သြဝါဒတရားများကို ပြည့်ဝစုံလင်စွာ ထင်ဟပ်ဖော်ပြ၍အသက်ရှင် ပါသည် (တ ၂၀း၂၇)။

 

အရည်အချင်းပြည့်မှီသော ဦးဆောင်မှု

  • အရည်အချင်းပြည့်မှီသော ဦးဆောင်မှု
  • အကျင့်စရိုက်၊ စိတ်ထားကောင်းမွန်ထင်ရှားပေါ်လွင်ပြီး အရည်အချင်းပြည့်ဝသော အစေခံ ခေါင်းဆောင်များကို ရွေးချယ်ပါသည် (ထွ ၁၈း၂၁၊ ၁တိ ၃း၁-၁၃)။
  • သခင်ယေရှုခရစ်တော်နှင့်ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာယဖွဲ့နေထိုင်ပါသည်။ “သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏" ဟု သခင်ခရစ်တော် ပြော စရာ မဖြစ်စေရပါ (ဗျာ ၂း၄)။
  • မိမိ၏ကိုယ်ပိုင်အစွမ်း၊ ခွန်အားနှင့်မဟုတ်ဘဲ သခင်ခရစ်တော်၏ ဉာဏ်ပညာတော်၊ ခွန်အား ဖြင့်သာ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပါသည်(ဂလာ ၂း၂၀၊ ၃း၃)။
  • မိမိ၏လုပ်ငန်းခွင်တွင်ဖြစ်စေ၊ ပြင်ပမည်သည့်နေရာတွင်ဖြစ်စေ၊ ဘုရားသခင်၏လူဖြစ်…

အန္တရာယ်များသောအရာဝတ္ထုများ

နားကွဲလုမတတ် ဥသြဆွဲသံက ကျယ်လောင်လာပြီး အရေးပေါ်ကားတစ်စီးသည် ကျွန်ုပ်ကားဘေးမှ အရှိန်နှင့်ဖြတ်သွားသည်။ အရေးပေါ်ကားမှ တောက်ပသော အလင်းရောင်ကြောင့် ‘‘အန္တရာယ်များသော အရာဝတ္ထုများ’’ဟု ရောင်ပြန်ဖြင့် ရိုက်နှိပ် ထားသည့် ကားဘေးမှစာတန်းကို မြင်လိုက်ရသည်။ ယင်းကားသည် ဆာဖျူရစ် အက်ဆစ် ဂါလံ ၄၀၀ ပုံးကို သယ်ဆောင်လာပြီး ယိုစိမ့်မှု ဖြစ်နေသောကြောင့် သိပ္ပံဓာတ်ခွဲခန်းဆီသို့ အရှိန်နှင့် မောင်းသွားကြောင်း နောက်ပိုင်းမှ ကျွန်ုပ်ပြန်သိရသည်။ အက်ဆစ်နှင့် ထိမိသည့် အရာအားလုံးကို ပျက်စီးစေနိုင်သည့် အတွက် အရေးပေါ်လုပ်သားများက ယိုစိမ့်မှုမရှိအောင် ချက်ချင်း အရေးယူလုပ်ဆောင်ရခြင်းဖြစ်သည်။

ဤသတင်းကို ကျွန်ုပ်ပြန်ပြီး စဉ်းစားဆင်ခြင်သော် ကျွန်ုပ်၏နှုတ်မှ ပျစ်ပျစ်နှစ်နှစ် ဝေဖန်စကားများ ‘‘စိမ့်’’ ထွက် လာတိုင်း အချက်ပေးဥသြသံမြည်လာပါက ဘာတွေများ ဖြစ်လာမည်နည်းဟု တွေးမိသည်။ ဝမ်းနည်းစရာပင်၊ ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့၏ အိမ်ဝန်းကျင်၌ အတော်ပင် ဆူညံပွက်လော ရိုက်နေပေမည်။

ပရောဖက်ဟေရှာယက…

ကျွန်ုပ်တို့၏တာဝန် နှင့် ရူပါရံု

 
ကျွန်ုပ်တို့၏တာဝန်
အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာကို လူတိုင်း နားလည်ရမည်။ လူတိုင်း ရရှိစေရမည်။
 
ကျွန်ုပ်တို့၏ရူပါရုံ
နိုင်ငံအသီးသီးရှိ လူမျိုးအပေါင်းတို့သည် ခရစ်တော်ကို ကိုယ်တိုင်သိကျွမ်းပြီး ခရစ်တော်နှင့် တိုး၍ရင်းနှီးသောအသက်တာကို ခံစားရရန်၊ ခရစ်တော်၏သဏ္ဌာန်နှင့်သာ၍ တူလာရန်၊ ခရစ်တော်၏မိသားစုဝင်များရှိသည့်အသင်းတော်၌ ပါဝင်၍အစေခံရန် ကျွနု်ပ်တို့ ရည်မျှော်မှန်းပါသည်။

Sample Page Unicode

Sample context

စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ပါ၏

ဇယ်ဗီးယား ၏ ပထမဆုံး အလုပ်အင်တာဗျူးအတွက် ပြင်ဆင်ရာ ကျွန်မ၏ခင်ပွန်း အယ်လင် က သားကို သူ၏အနာဂတ်အလုပ်ရှင်များနှင့်တွေ့ပြီး အင်တာဗျူးပြီးမှ ပေးရန် ကျေးဇူးတင်ကဒ်များပါသည့် အထုပ်တစ်ထုပ် ပေးခဲ့သည်။ ထို့နောက် သူက အလုပ်သမား ငှားရမ်းမည့် အလုပ်ရှင်သဖွယ် သရုပ်ဆောင်ပြီး သူ၏ နှစ်ပေါင်း များစွာသော မန်နေဂျာအတွေ့အကြုံကို သုံးကာ ဇယ်ဗီးယား ကို မေးခွန်းများ မေးမြန်းသည်။ နှစ်ယောက်သား အစမ်းမေးမြန်းဖြေဆိုပြီးနောက် ဇယ်ဗီးယား က သူ့ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းများကို ဖိုင်တွဲလိုက်သည်။ အဖေဖြစ်သူက ကျေးဇူးတင်ကဒ်ကို သတိပေးရာ သူက ပြုံးလျက် ‘‘သား သိပါတယ်။ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်တဲ့ စာတိုလေးက ကျွန်တော်ကို အခြား အလုပ်လျှောက်သူတွေနဲ့ ခြားနားစေမှာ ဖြစ်တယ်’’ ဟု ပြန်ပြောခဲ့သည်။

မန်နေဂျာမှ ဇယ်ဗီးယား ကို အလုပ်ခန့်ကြောင်း ဖုန်းဆက်လာသောအခါ သူက…